အသွားထက်ဂျင်းဘောင်းဘီနဲ့ ရေတံခွန်လိုရွှဲကျနေတဲ့ဆံပင်တွေနဲ့
အရပ်သုံးဂစ်တာတစ်လက်နဲ့ ညတွေကိုဖြဲဖြဲပြီးရှာတယ်။
စိတ်ရှည် ဘ၀ရှည်
ကြယ်တွေကိုထုခွဲကာ ရှာမတွေ့ပြီးတဲ့နောက်။
အမွန်မြတ်ဆုံးအလုပ်တစ်ခုအဖြစ် စစ်ကိုအော်ဆဲခဲ့ကြတယ်။
ပြီးတော့
သူတို့ငြိမ်းချမ်းရေးကိုဆုမွန်ကောင်းတောင်းကာ
မနက်စောစော
လက်ဘက်ရေဆိုင်တွေဘက်ဆီ သံပြိုင်ထွက်ခဲ့ကြ။ ။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂

No comments:
Post a Comment