အဲ့ဒီ ဂစ်တာလေး မ၀ယ်ပေးရင်လည်းနေတော့
မုန့်ဖိုးမရှိလို့မပေးနိုင်ရင်လည်းရပါပြီ၊ အမေသာပြန်လာခဲ့ပါတော့။
ညီလေး ရပါတယ်ကွ
အစ်ကို့ဗလာစာအုပ်တွေ မင်းကြိုက်သလောက်ဖြ၊ဲ လာလေကွာ လာပါ။
အဖေ
ကျွန်တော် နောက် ဘယ်တော့မှကျောင်းမပြေးတော့ဘူး ဟုတ်လား။
နွေရာသီ ကျောင်းပိတ်ရက်တွေရောက်ရင်
အဖေ့လယ်နဲ့ကိုင်းတွေကိုဝင်ကူပေးဦးမယ်။
အဖေလည်းပြန်လာပါ။
ကျွန်တော်တစ်ယောက်တည်း
ကန်စင်းရိုးတွေအတိုင်း အဲ့ဒီလိုအော်လိုက်ရင်
ကျွန်တော့်အသံ သတင်းစာတွေထဲရောက်သွားနိုင်မလား။
ဂျပန်ပြည်က ဆူနာမီလှိုင်းကြီးအော်တက်လာသလို
ကျောင်းစာအုပ်မျက်နှာဖုံးပေါ်ကပါလာတဲ့
အက်ဝပ်ခ်ျမွန့် ပန်းချီကားထဲကအော်သံအတိုင်း၊
ကျွန်တော်
နေ့တိုင်း သူတို့ကို ပြန်လည် အော် ခေါ်ယူနေခဲ့ မိတယ်။ ။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂