Friday, December 11, 2015

သမီးသို့ ( ၃ )

သမီးသို့ ( ၃ )

ကြည့်စမ်းသမီး
အရိုးအရည် သွေးသံတရွှဲရွှဲနဲ့ မီးတောက်အင်္ကျီတွေဝတ်လို့
ကမ္ဘာကိုလွတ်ချပြီး
ထွက်ပြေးနေရတဲ့ ကလေးတွေ။

ကြည့်စမ်းသမီး
ခြေမွှေးမီးမလောင်း လက်မွှေးမီးမလောင်း
ကမ္ဘာကိုသိမ်းပိုက်တော့မလို
ချောကလက်သံတညံညံနဲ့ ချီတက်နေတဲ့ကလေးတွေ။

သူတို့ကိုစာနာဖို့
ချီလေသူများထဲ
ခု သမီးဘယ်နားရောက်နေပြီလဲ။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅



No comments:

Post a Comment