Friday, December 11, 2015

သမီးသို့ ( ၅ )

သမီးသို့ ( ၅ )

သမီးကို ဖြစ်စေချင်တာက
ကမ္ဘာကြီးကို အကြာကြီးချစ်စေချင်တာ။
ဒီကိစ္စ 
မိန်းမဆန်မှ။
ဒီကိစ္စ
တံတားခင်းမှ။
ဒီကိစ္စ
ရော့ဒီမှာ
ရသလောက်အဖေ့ကျောပေါ်နင်းလျှောက်။

ပြန်လာရင်
အဖေ့ အသားစိုင်တွေပေါ်
သမီးနုပျိုခြင်းနဲ့ ဉာဏ်ပညာ အလင်းကို
အလံအဖြစ်စိုက်ထူ
လူးနေတဲ့ကမ္ဘာကို ရအောင်ထိန်းပေရော့။ ။

ခရမ်းပြာထက်လူ
၂    ၀    ၁    ၅

No comments:

Post a Comment