Friday, December 11, 2015

အလုပ်ကြမ်းနဲ့ ထောင်တန် ၃ ရွက်

အလုပ်ကြမ်းနဲ့ ထောင်တန် ၃ ရွက်

ဘုရားသခင်နဲ့ ခွေးတစ်ကောင်
အတူတူပါပဲဆိုတဲ့ အကြမ်းဖက်သမားတွေရဲ့ကြားမှာ

ဗလာစီယာနဲ့ အတွင်းခံဘောင်းဘီပြီးရင် ပြီးပါပြီဆိုတဲ့
အဖွင့်ကြမ်း အတက်ကြမ်း 
ယဉ်ကျေးမှု အရင်းကျမ်းကြီးပါပြုတ်ထွက်သွားတဲ့
ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့စည်းကြီးတစ်ခုရဲ့အန်ဖတ်တွေကြားမှာ

ထောင်မြင်ပေမယ့်
ရာနဲ့ချီစွန့်သွားတဲ့ တော်လှန်ရေးသမားတွေနဲ့
ထောင်မြင်လို့ ရာစွန့်နေတဲ့ ခရိုနီတွေကြားမှာ

ကားတွေကလည်း ကောင်းပါတယ်
လမ်းတွေကလည်း ကောင်းပါတယ်
လူတွေကလည်း ကောင်းပါတယ်

သာမန်ပြည်သူ အူတူတူလေးများမှာတော့
နေ့စဉ်
အလုပ်ကြမ်းနဲ့ ထောင်တန် ၃ ရွက်
မိသားစုအထဲ ဘယ်သူ့အသက်ကို အရင်ကယ်ရမလဲနဲ့ သွေးခဲလို့။ ။

ခရမ်းပြာထက်လူ
၂၀၁၄ ခုနှစ်ထုတ် " ခရမ်းပြာထက်လူ ၉၉ " ကဗျာစာအုပ်မှ

No comments:

Post a Comment